
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

US-Myanmar Economic Relations: The Next Phase Conference ကို ၂၀၁၆ ခုနှစ် ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ UMFCCI ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါ ကွန်ဖရင့်သို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်း၊ ဝန်ကြီး ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာမောင်မောင်လေး၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Scot Marciel၊ အမေရိကန်ကုန်သည်များအသင်းမှ ပုဂ္ဂိုလ်များ၊ အမေရိကန်ထိပ်တန်း ကုမ္ပဏီများမှ စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ကွန်ဖရင့်တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ Panel Discussion အစီအစဉ်ဖြစ်သော “ Improving the Investment Environment” တွင် moderator အဖြစ် ဆောင်ရွက်ခဲ့ ပါသည်။