
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအား Australia Chamber of Commerce ၏ CEO ဖြစ်သူ Mrs. Verity Lomax ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံး၌ လာရောက် တွေ့ဆုံခဲ့ပြီး၊ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများအလေ့အထများ ဖြစ်ထွန်း လာရေးအတွက် အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အပါအဝင် ကော်မရှင် အဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။
