
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်း မိသားစုတို့၏ ဒုတိယအကြိမ် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ ပါသည်။
အခမ်းအနားသို့ မင်္ဂလာဒုံမြို့နယ်၊ သုခိတာရာမ (ယဉ်ငေး) ကျောင်းတိုက်မှ ဆရာတော် များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများတက်ရောက်ကြည်ညိုကြပါသည်။
ထို့နောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ သုခိတာရာမ (ယဉ်ငေး)ကျောင်း ပရိယတ္တိ-ပဋိပတ္တိ၊ ယဉ်ကျေးလိမ္မာသာသနာပြုဆရာတော် ဦးက္ကုန္ဒကထံမှ ညွှန်ကြားရေးမှူးချုပ် အမှူးပြုသော ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာကြားကြပါသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေး မှူးများမှ ဆရာတော်၊ သံဃာတော်များထံဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပါသည်။ ထို့ပြင် သုခိတာရာမ (ယဉ်ငေး) ကျောင်း တိုးချဲ့ပြုပြင်ရန်အတွက်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ (၅၀၀,၀၀၀ )ကျပ် လှူဒါန်းခဲ့ပါသည်။
ထို့နောက် သုခိတာရာမ(ယဉ်ငေး) ကျောင်းပရိယတ္တိ-ပဋိပတ္တိ၊ ယဉ်ကျေးလိမ္မာ သာသနာပြု ဆရာတော် ဦးက္ကုန္ဒကထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချအမျှပေးဝေကြပါသည်။
အခမ်းအနားအပြီးတွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများမှ ကြွရောက်တော်မူကြ သည့် ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယ အကြိမ်ဝါဆိုသင်္ကန်း လှူဒါန်းပွဲအခမ်းအနားတွင် တန်ဖိုးငွေကျပ် (၁,၃၇၁,၀၀၀)ကျပ် ပါဝင် လှူဒါန်းခဲ့ကြပါသည်။



