YANGON PAN-PACIFIC ABSOLON CO., LTD., MYANMAR LUXURY GROUP CO., LTD. နှင့် PANKO MYANMAR CO., LTD. တို့သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၃)ရှိ  Yangon Pan-pacific Absolon Co., Ltd.၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)ရှိ  Myanmar Luxury Group Co., Ltd. နှင့် Panko Myanmar Co., Ltd. တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ် များပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။