
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသား များ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ စိစစ်၍ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုမိန့်များ ထုတ်ပေး လျက်ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်လျက်ရှိသော ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဆောင်ရွက်နေစဉ် ကာလအတွင်း မိမိလုပ်ငန်း၏ လုပ်ငန်းအစီရင်ခံစာကို သုံးလတစ်ကြိမ် ကော်မရှင်သို့ မပျက်မကွက် တင်ပြရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ် သုံးလပတ် လုပ်ငန်းအစီရင်ခံစာကို တင်ပြခြင်း မရှိသေးသော လုပ်ငန်းများသည် ဤကြေငြာ ချက်ထုတ်ပြန်သည့် (၁၇-၇-၂၀၁၆) နေ့ရက်မှ (၁၀)ရက်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး၊ အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်သို့ မပျက်မကွက် တင်ပြကြပါရန် အသိပေးကြေငြာ အပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန