
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

သစ်အခြေခံပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၏ သစ်စိုက်ခင်းများ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ စိစစ်ခြင်း နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲအခမ်းအနားအား ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁၂ရက်နေ့ နံနက်ပိုင်းတွင် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုမိန့်ချမှတ် ပေးခဲ့သည့် သစ်အခြေခံပစ္စည်းများ ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူး ရောင်းချသည့် ကုမ္ပဏီ(၂၅) ခု ၏ သစ်တောစိုက်ခင်းများ အကောင် အထည်ဖော်မှု အခြေအနေအား စိစစ်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။
