
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ((JICA) တို့ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော အဖွဲ့ဝင် (၂၀)ဦး ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အတွေ့အကြုံများကို လေ့လာရန် သွားရောက်လျက်ရှိရာ လေ့လာရေးခရီးစဉ် စတုတ္ထနေ့ (၂၀၁၆ခုနှစ်၊ သြဂုတ်လ ၁၁ရက်) တွင် ဗီယက်နမ်နိုင်ငံ၊ Ba Ria-Vung Tau ပြည်နယ်ရှိ Department of Planning and Investment ၊ Japan Desk ၊ Phu My 3 Industrial Park နှင့် Dong Nai ပြည်နယ်ရှိ Long Duc Industrial Park တို့သို့သွားရောက် လေ့လာခဲ့ကြပါသည်။





