
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၁။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန သည် ကုမ္ပဏီများဖွဲ့စည်း မှတ်ပုံတင်ခြင်း လုပ်ငန်းအား ၁၉၁၄ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ နှင့် ၁၉၅၀ အထူးကုမ္ပဏီအက်ဥပဒေများ နှင့် အညီ ဖွဲ့စည်းမှတ်ပုံတင်ပေးလျက်ရှိပါသည်။ အဆိုပါဖွဲ့စည်းမှတ်ပုံတင်ပြီးသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ-၃၂ နှင့် ၇၆ အရ ကုမ္ပဏီအသီးသီး၏ ပထမအကြိမ် အထွေထွေ အရပ်ရပ် အစည်းအဝေးကြီးကို ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင် ခွင့်ပြုသည့် နေ့ရက်မှ ၁၈လ အတွင်း လည်းကောင်း၊ နောင်လာမည့်နှစ်များတွင် နောက်ဆုံးကျင်းပခဲ့သော အထွေထွေအရပ်ရပ် အစည်းအဝေး ကျင်းပသည့်နောက် ၁၅ လ ထက်ကျော်လွန်ခြင်းမရှိ၊ ပြက္ခဒိန်နှစ် မကျော်လွန်စေဘဲ ကျင်းပပြီး Form-E (ပုံစံ-င)အား တင်ပြရမည်ဟု ပြဌာန်းထားပါသည်။
၂။ သို့ဖြစ်ပါ၍ ၂၀၁၅ ခုနှစ်မတ်လတွင် ဖွဲ့စည်းမှတ်ပုံတင်ခဲ့သော ကုမ္ပဏီများသည် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ၁၈ လ ပြည့်မြောက်မည် ဖြစ်ပါသဖြင့် ပထမအကြိမ် Form-E (ပုံစံ-င) အား တင်ပြရခြင်း မရှိသေးသော ကုမ္ပဏီများအနေဖြင့်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) နှင့် ရုံးခွဲများသို့ သတ်မှတ်ချိန်အတွင်းတင်ပြနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန