
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ကော်မတီအစည်းအဝေးမှ စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂ ခုကို အတည်ပြုမိန့်ပေးခဲ့ပါသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခု ၏ ရင်းနှီး မြှုပ်နှံမှု ပမာဏမှာ ကျပ် ၁၁၂၁.၄၄ သန်း (US$ ၀.၀၆၆၄ သန်းအပါအဝင်) ဖြစ်ပြီး စုစုပေါင်း အလုပ် အကိုင်အခွင့်အလမ်း ၈၃ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ထို့အပြင် အစည်းအဝေးတွင် တည်ဆောက်ရေး ကာလတိုးမြှင့်ခွင့် ၊ မတည်ငွေတိုးမြှင့် ခွင့်နှင့် လုပ်ငန်းအမျိုးအစားပြောင်းလဲခွင့် တင်ပြလာမှုများကို ဆွေးနွေးခဲ့ပါသည်။