
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို အပါအဝင် ကော်မတီအဖွဲ့ဝင်များနှင့် အထူး ဖိတ်ကြားထားသော သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Bio Gas ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုမိန့်ထုတ် ပေးနိုင်ရေး သဘောတူဆုံးဖြတ်ခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီးတွင် ဟိုတယ်နှင့်အပန်းဖြေစခန်း တည် ဆောက်၍ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုအား တည်ဆောက် ရေးကာလ ပထမအကြိမ် တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ခွင့်ပြုပေးနိုင်ရေး သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။
