
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် မှော်ဘီမြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် သန်လျင်-ကျောက်တန်း မြို့နယ်တို့ရှိ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် CMP စနစ်ဖြင့် ထုပ်ပိုးပစ္စည်းအမျိုးမျိုး ထုတ်လုပ် ခြင်းလုပ်ငန်းတို့၏ စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ အတည်ပြုမိန့်ရယူရန် လျှောက်ထားလာသော CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် ဆံပင်တုအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း တို့၏ မြေပြင် အခြေအနေများအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီး မြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရာတွင်တွေ့ကြုံရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပါသည်။