
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅ /၂၀၂၄) ကြိမ်မြောက် အစည်းအဝေး အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ် ကြားထားသော သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ငါးဈေးတည် ဆောက်၍ ဆိုင်ခန်းငှားရမ်းခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသော လုပ်ငန်းမှ မူလ အတည်ပြုမိန့်ပါ တည်ဆောက်ရေးကာလ ပထမအကြိမ် တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်း ကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါသည်။
