
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်မည့် လုပ်ငန်း(၃) ခုအားအိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ရာလူပျို/ အပျိုဆောင်(၃) ထပ်ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းသည့်ကုမ္ပဏီ(၈)ခု အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်းအတွက် ကုမ္ပဏီ(၁)ခုနှင့် မိုးကြိုးလွှဲ တပ်ဆင်ခြင်းလုပ်ငန်းအတွက် ကုမ္ပဏီ(၆)ခု လျှောက်ထားခဲ့ပါသည်။၂၀၁၆ ခုနှစ်၊ မေလ (၁၈)ရက်နေ့ (၁၀ ၀၀)နာရီအချိန်တွင် အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက် စိစစ်ရွေးချယ်ခြင်း အခမ်းအနားကို ရုံးချုပ်စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးရုံးမှ ဖွဲ့စည်းပေးသော အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်စိစစ် ရွေးချယ်ရေးအဖွဲ့ဝင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းလာသော ကုမ္ပဏီလုပ်ငန်းရှင်များ၏ ကုမ္ပဏီ Profile၊ BE, BQ နှင့် Presentation တင်ပြမှုများအပေါ် ပွင့်လင်းမြင်သာစွာဖြင့် အမှတ်ပေးစိစစ် ရွေးချယ် ခဲ့ပါသည်။လူပျို/ အပျိုဆောင်(၃)ထပ် ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် သာထက်သာ ကုမ္ပဏီလီမိတက်အား လည်းကောင်း၊ (၄)လက်မအဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်းအတွက် Cartel Co,Ltd အား လည်းကောင်း၊မိုးကြိုးလွှဲတပ်ဆင်ခြင်းလုပ်ငန်းအတွက် Talent & Technology Co,Ltd အားလည်းကောင်းနေ့ချင်းပြီးစိစစ်ရွေးချယ်ခဲ့ပါသည်။ အိတ်ဖွင့် တင်ဒါ ဖွင့်ဖောက်စိစစ်ရွေးချယ်ခြင်းအခမ်းအနားကိုညနေ(၁၇၃၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။




