
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၁။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက် နေသည့် ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား အမှုထမ်းကျွမ်းကျင် ပညာရှင်များ၏ နေထိုင်ခွင့်သက်တမ်းတိုးမြှင့်ခွင့်၊ အလုပ်သမား မှတ်ပုံတင်ကတ် သက်တမ်းတိုးမြှင့်ခွင့်အား ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၈ရက်နေ့ မှစ၍ အောက်ပါ အတိုင်း ဖြေလျှော့ခွင့်ပြုပေးပါသည်-
| စဉ် | ဖြေလျှော့ပေးမှု အခြေအနေ | |
| ယခင် | ယခု | |
| (က) | နိုင်ငံခြားသား အမှုထမ်း ကျွမ်းကျင် ပညာရှင် နှင့် မှီခိုသူများ အား နေထိုင်ခွင့် သက်တမ်း ၆လ နှင့် အဆိုပါ နိုင်ငံခြားသား အမှုထမ်း ကျွမ်းကျင်ပညာရှင်များအား အလုပ် သမား မှတ်ပုံတင်ကတ် သက်တမ်း ၆လ အထိ ခွင့်ပြုပေးလျှက် ရှိပါ သည်။ | နိုင်ငံခြားသား အမှုထမ်း ကျွမ်းကျင် ပညာရှင် နှင့်မှီခိုသူများအား နေထိုင် ခွင့်သက်တမ်း ၁နှစ် အထိ နှင့် အဆိုပါ နိုင်ငံခြားသား အမှုထမ်းကျွမ်းကျင် ပညာရှင်များအား အလုပ်သမား မှတ်ပုံတင်ကတ် သက်တမ်း ၁နှစ် အထိ ခွင့်ပြုပေးပါမည်။ |
| (ခ) | အသစ်လျှောက်ထားပါက မြန်မာ နိုင်ငံရှိ သက်ဆိုင်ရာ သံရုံးထောက်ခံ ချက် တင်ပြရပါသည်။ | အသစ်လျှောက်ထားပါက ကုမ္ပဏီ၏ Form 26 ပါ Managing Director / BOD အဖွဲ့ဝင် ၏ ထောက်ခံချက် ဖြင့် တင်ပြရပါမည်။ |
၂။ ကုမ္ပဏီနှင့်စာချုပ်သက်တမ်း ၁ နှစ် နှင့်အထက်ရှိမှသာ နိုင်ငံခြား သားများ အား နေထိုင်ခွင့် သက်တမ်းတိုး ၁နှစ်ထိ လျှောက်ထားနိုင်ပြီး စာချုပ်သက်တမ်း ၁နှစ် မရှိသူများအား နေထိုင်ခွင့်သက်တမ်းတိုးကို စာချုပ်သက်တမ်းအရသာ ခွင့်ပြုပေးနိုင် မည်ဖြစ်ပါသည်။
၃။ သို့ပါ၍ MIC ခွင့်ပြုကုမ္ပဏီများအနေဖြင့် နေထိုင်ခွင့်သက်တမ်း တိုးမြှင့် ခွင့်၊ အလုပ်သမား မှတ်ပုံတင်ကတ် သက်တမ်းတိုးမြှင့်ခွင့်ပြုမှုနှင့် ဖြေလျှော့ဆောင်ရွက် ပေးမှုအား သိရှိဆောင်ရွက်နိုင်ပါရန် အသိပေးအပ်ပါသည်။
ဌာနဆိုင်ရာပူးပေါင်းလုပ်ငန်းအဖွဲ့
ဖုန်း ၀၁- ၆၅၇၈၉၂
၀၁-၆၅၇၈၉၃