အများနှင့်သက်ဆိုင်သောကုမ္ပဏီများ လိုက်နာဆောင်ရွက်ရန် အသိပေးကြေညာချက်

Print Friendly, PDF & Email

–  လုပ်ငန်းစတင် ဆောင်ရွက်ခွင့် လက်မှတ် (Certificate of Commencement of Business) ရရှိရန် တင်ပြသည့်အခါ လုပ်ငန်း လမ်းညွှန်ချက် ရှင်းတမ်း (Prospectus) ကို မှတ်ပုံတင်၍ ထုတ်ပြန်ခြင်းမရှိပါက လုပ်ငန်းလမ်းညွှန်ချက် အစား အကြောင်းအရာဖော်ပြချက် (Statement in Lieu of Prospectus) အား တင်ပြရမည် ဖြစ်ပါသည်။

–  လုပ်ငန်းစတင်ဆောင်ရွက်ခွင့်ရပြီးတစ်လထက်မစော၊ခြောက်လထက်မပိုသောအချိန်တွင်ဥပဒေ အရ ကျင်းပပြုလုပ်ရမည့် အစည်းအဝေး (Statutory Meeting) ကျင်းပပြီး၊ အစည်းအဝေး အစီရင်ခံစာ (Statutory Report) ကို အစည်းအဝေးကျင်းပပြီးနောက်(၂၁)ရက်အတွင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ မှတ်ပုံတင်ရမည် ဖြစ်ပါသည်။

–  အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ အနေဖြင့် အများပြည်သူသို့ အစုရှယ်ယာများ ကမ်းလှမ်း ရောင်းချသည့်အခါတွင် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်သို့ လုပ်ငန်းလမ်းညွှန်ချက်ရှင်းတမ်း (Prospectus) အား တင်ပြအတည်ပြုချက် ရယူခြင်း၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ အစုရှယ်ယာ ဖိတ်ခေါ်ခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။

–  ပထမအကြိမ်အထွေထွေအရပ်ရပ် အစည်းအဝေးကို ကုမ္ပဏီမှတ်ပုံတင်ခွင့်ပြုသည့်နေ့မှ (၁၈)လ အတွင်း လည်းကောင်း၊ နောင်လာမည့် နှစ်များအတွက် အစည်းအဝေးကို နှစ်စဉ် (၁၅)လ ထက် ကျော်လွန်ခြင်းမရှိ ပြက္ခဒိန်နှစ် မကျော်လွန်စေဘဲ ကျင်းပ၍ အစည်းအဝေး ကျင်းပသည့်နေ့မှ (၂၁)ရက် အတွင်း ပုံစံ(င) Form(E) ဖြင့် မှတ်ပုံတင်ကြေးငွေ ပေးသွင်းပြီး မှတ်ပုံတင်ရန်နှင့် ကုမ္ပဏီ၏တစ်နှစ်အတွင်းအရောင်းအဝယ်၊အရှုံးအမြတ်စာရင်းကိုပူးတွဲတင်ပြရမည်ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန