ဝန်ထမ်းသားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ဝန်ထမ်းသား၊ သမီးများမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား / သူများ အတွက် ပညာသင်စရိတ် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ၂၀၁၇ခုနှစ် မေလ ၃၁ ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်  ဦးဆောင်၍ ဝန်ထမ်း မိသားစု ကိုယ်စားလှယ် (၁၆)ဦး တက်ရောက်ခဲ့ပါသည်။ ရုံးချုပ်ဌာနခွဲများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများရှိ မူလတန်းကျောင်းသား/သူ (၄၆) ဦးအတွက် (၁) ဦးလျှင် ကျပ် ၁၅,၀၀၀/-နှုန်းဖြင့် ၆၉၀,၀၀၀/-ကျပ်၊ အလယ်တန်းကျောင်းသား/သူ (၂၉) ဦးအတွက် (၁) ဦးလျှင် ကျပ် ၂၀,၀၀၀/-နှုန်းဖြင့် ၅၈၀,၀၀၀/-ကျပ်၊ အထက်တန်း ကျောင်းသား/သူ (၈) ဦးအတွက် (၁) ဦးလျှင် ကျပ် ၂၅,၀၀၀/-နှုန်းဖြင့် ၂၀၀,၀၀၀/-ကျပ်၊ စုစုပေါင်းကျောင်းသား/သူ (၈၃) ဦးအတွက် ကျပ် ၁,၄၇၀,၀၀၀/- (ကျပ်တစ်ဆယ့် လေးသိန်း ခုနှစ်သောင်းတိတိ) ထောက်ပံခဲ့ပါသည်။