
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ ၁၄:၀၀ နာရီချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ၂၀၁၉ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် သက်ပြည့်ပင်စင်ခံစားမည့် ရုံးအုပ် ဒေါ်ကြည်ကြည်ဌေးအား ဂုဏ်ပြုအမှတ်တရ လက်ဆောင်ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ခေတ္တညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားခဲ့ပြီး ရုံးအုပ် ဒေါ်ကြည်ကြည်ဌေးအား ဂုဏ်ပြုအမှတ်တရလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်း နောက် ရုံးအုပ် ဒေါ်ကြည်ကြည်ဌေးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ ကြပါသည်။