
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၀၂၃ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်းသို့ စီးဝင်လာခဲ့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမှန်စာရင်းပြုစုနိုင်ရေးနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု သဘောတရားများ၊ Survey Form ဖြည့်နည်းတို့ကို သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ စတင်ကျင်းပခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံကိန်းနှင့်စာရင်းအင်း ဌာနခွဲမှ ဘာသာရပ်ကျွမ်းကျင်သူများနှင့် ပြင်ပ Outsourcing မှ Financial & Accounting ကုမ္ပဏီ၏ ကျွမ်းကျင်ပညာရှင်တို့က FDI Concept ၊ Definition ၊ Methodologies နှင့် Survey Questionnaire Form ဖြည့်သွင်းနည်းများကို ဆွေးနွေးပို့ချခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တစ်ရက်လျှင် ၄၅ ခုနှုန်းဖြင့် စုစုပေါင်း ကုမ္ပဏီပေါင်း (၉၀)ခုတို့၏ အထွေထွေမန်နေဂျာများ၊ Financial Controller များ၊ Chief Accountants များနှင့် Accountants များ ပါဝင်သည့် ကိုယ်စားလှယ် (၁၇၀)ကျော် တက်ရောက်ခဲ့ကြ ပါသည်။
အလုပ်ရုံဆွေးနွေးပွဲရလဒ်အဖြစ် ယခု တက်ရောက်လာသော ကုမ္ပဏီများနှင့် ယခင် Survey များတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကုမ္ပဏီ (၁၅၀)ခု စုစုပေါင်း (၂၅၀) ခုအတွက် Survey ကောက်ယူမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအမှန်စာရင်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
