
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးသို့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ကရင်ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့် အပါအဝင် အဖွဲ့ဝင် (၆) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူထံမှတင်ပြလာသော ရင်းနှီးမြှုပ်နှံမှု လျှောက်ထား လွှာအားစိစစ်ခြင်း၊ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ၁ ခုအား အတည်ပြုမိန့် ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ပါသည်။
