
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ Warehousing Services And Logistics Services လုပ်ငန်းဆောင်ရွက် လျက်ရှိသော ကုမ္ပဏီ၏ စီးပွားဖြစ်စတင် လည်ပတ်ရန်အတွက် လျှောက်ထားလာခြင်းအပေါ် ကုမ္ပဏီ၏ မြေပြင်အခြေအနေတို့အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
