
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် Hi Avocado Company Limited ၏ အစုရှယ်ယာ လွှဲပြောင်း ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးမှ အတည်ပြု ပေးခဲ့ပါ သည်။
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇)ခု ရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၆.၁၆၃) သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၈) ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၇.၅၉၂ သန်း အပါအဝင် ကျပ်သန်း (၄၆၂၁၆.၃၀၁)ကို ခွင့်ပြုပေးထားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းများမှ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်ခွင့်အလမ်းအနေဖြင့် ပြည်တွင်း (၁၅၁၃)ဦးနှင့် ပြည်ပ (၆၈)ကို ဖန်တီးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
