
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ကော်မတီအဖွဲ့ဝင်များ အထူးဖိတ်ကြားထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် မြိတ်ခရိုင်ရှိ၊ ဟိုတယ်နှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြုမိန့် ထုတ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေနွေးဆုံးဖြတ်ခဲ့ကြပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ဟိုတယ်နှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းက မူလအတည်ပြုမိန့်ပါ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ခွင့်ပြုပေးနိုင်ရေး သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။