
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြု လုပ်သည်။
အဆိုပါ အစည်းအဝေးသို့ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ကော်မတီအဖွဲ့ဝင်များ ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်း ရှင်များ တက် ရောက်သည်။
အစည်းအဝေးတွင် ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနှင့် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု အား အတည်ပြုပေးခြင်းနှင့် လုပ်ငန်းတည်ဆောက်မှု/ ပြင်ဆင် မှုကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာသော လုပ်ငန်း ၃ ခုကို အတည်ပြုပေးခြင်းတို့ကို ဆွေးနွေး ဆုံးဖြတ်ကြပါသည်။
