
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ဖိနပ်အမျိုးမျိုးထုတ်လုပ်ရောင်းချခြင်း(၁၀၀ ရာခိုင်နှုန်းပြည်တွင်း ရောင်းချခြင်း) လုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံသို့ ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ်စတင် လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် မီးအာမခံ ထားရှိမှု အခြေ အနေ၊ တွေ့ကြုံ ရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။