
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၃) ကြိမ်မြောက် အစည်း အဝေးအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ကော်မတီအဖွဲ့ဝင်များ အထူးဖိတ်ကြားထား သော ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်နှင့် အပန်းဖြေစခန်းဝန်ဆောင်မှုလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုမိန့်ထုတ် ပေးနိုင်ရေး သဘောတူဆုံးဖြတ်ကြသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်တွင် ရာဘာမှိုင်းခံစက်ရုံနှင့် ထုတ်လုပ်ဖြန့်ဖြူးခြင်းဆောင်ရွက်နေသည့် လုပ်ငန်းက မူလအတည်ပြုမိန့်ပါ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် ဟိုတယ်နှင့် ဆက်စပ်သည့်ဝန်ဆောင်မှုလုပ်ငန်းက မူလအတည်ပြုမိန့်ပါ တည်ဆောက်ရေးကာလ ဒုတိယအကြိမ် ထပ်မံတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းတို့အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပြီး ခွင့်ပြုပေးနိုင်ရေး သဘောတူဆုံးဖြတ်ကြသည်။
