
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် နေပြည်တော် သစ်တောဦးစီးဌာန၊ တာဝန်ရှိသူတို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်နေသော ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းမှ တာဝန်ရှိသူများ နှင့် Video Conferencing စနစ်ဖြင့် တွေ့ဆုံကြသည်။ အဆိုပါတွေ့ဆုံမှုတွင် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ကုန်ထုတ်လုပ်နိုင်မှုအခြေအနေများကို ဆွေးနွေးမေးမြန်းပြီး လုပ်ငန်းများ အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပါ သည်။
