ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့မြေပြင်ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅ ရက်တွင် နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့နှင့် အထူးဖိတ်ကြားထားသည့် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့သည့် ဆန်စပါး ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ဟင်းသီးဟင်းရွက်အား အေးခဲထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်းတို့သို့ သွားရောက်ခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။