
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် Myanmar Pureplant Extracts Company Limited၏ တိရစ္ဆာန်အစာ အတွက်သုံးသော ဂန္ဓမာပန်းမျိုးစိတ်များ (Marigold) ၏ အမှုန့်များအား ထုတ် လုပ်ခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုမိန့် လျှောက်ထား တင်ပြ လာခြင်းအပေါ် ဆွေးနွေးတင်ပြခဲ့ပြီး အဆိုပါလုပ်ငန်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂.၀၂၇ သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ပြည်တွင်း ၁၈၅ ဦးနှင့် ပြည်ပ ၁၀ ဦး ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇) ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၆.၁၆၃) သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၈) ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၇.၅၉၂ သန်း အပါအဝင် ကျပ်သန်း (၄၆၂၁၆.၃၀၁) ကို ခွင့်ပြုပေးထားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းများမှ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်ခွင့်အလမ်းအနေဖြင့် ပြည်တွင်း (၁၅၁၃)ဦးနှင့် ပြည်ပ (၆၈)ကို ဖန်တီးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

