
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထား သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် မော်တော်ဆိုင်ကယ် (၃ ဘီး) တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြု လျှောက်ထား လွှာတင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးဆိုင်ရာများကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

