
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် သန်လျင်-ကျောက်တန်းမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသော CMP စနစ်ဖြင့် အိတ်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် လက်ဆွဲအိတ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အီလက်ထရောနစ်အစိတ်အပိုင်းအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပဲအမျိုးမျိုးနှင့် ဆန်၊ ဆန်ထွက် ပစ္စည်းများကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေတို့အား ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။