
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၅ ခုနှစ် မေလ ၁၁ရက်နေ့ တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြား ထားသော သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ်တို့တွင် Petro & Trans Co., Ltd. က လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို အတည်ပြုမိန့်ပါ ဆုံးဖြတ်ချက် ပြင်ဆင် ခြင်းနှင့် ဟိုတယ်နှင့်ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသော Kento Trading Co., Ltd. မှ မူလအတည်ပြုမိန့်ပါ တည်ဆောက်ရေးကာလ ပထမအကြိမ် တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါသည်။