
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၄/၂၀၂၃ ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပ ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ ဟိုတယ်နှင့်ကလေးကစားကွင်းလုပ်ငန်း၊ ဆန်စပါးအခြေခံတန်ဖိုးမြှင့်ဆန် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတို့၏ တည်ဆောက်ရေးကာလတိုးမြှင့်ခြင်း၊ ရင်းနှီးမြှုပ်နှံသူအမည်ပြောင်းလဲခြင်း၊ ပင်မအဖွဲ့အစည်းအမည်နှင့်လိပ်စာပြောင်းလဲခြင်းနှင့် လုပ်ငန်းအမျိုးအစားပြောင်းလဲခြင်းတို့ အတွက် တင်ပြလာမှုများကို အတည်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။
