ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့ မြေပြင်ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့သည့် မော်တော်ဆိုင်ကယ် တပ်ဆင် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း (၂ ဘီး)၊ မော်တော်ဆိုင်ကယ် (၃ ဘီး) တပ်ဆင် ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ အေးခဲအမဲသားနှင့် အမဲသားခြောက် ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး မိုးသွပ်ပြား ထုတ်လုပ်ခြင်းလုပ်ငန်းတို့သို့ ၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်တွင် သွားရောက်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။