
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ CMP စနစ်ဖြင့် Virgin Remy Double Drawn Hair & Wigs ထုတ်လုပ်ခြင်းလုပ်ငန်း၊ ငံပြာရည်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း၊ အိမ်သုံးနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့ ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် သွား ရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီး အာမခံထားရှိမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။