
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(နေပြည်တော်၊ စက်တင်ဘာ ၈ )
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ စက်မှုဝန်ကြီး ဌာန၊ ပြည်ထောင်စု ဒေါက်တာချာလီသန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဉက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တို့ လိုက် ပါသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၃ ရက် နေ့အထိ ကျင်းပမည့် အဌမအကြိမ်မြောက်အရှေ့ဖျားစီးပွားရေး ဖိုရမ်သို့တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့ သို့ ထွက်ခွာသွားပါသည်။
ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်မြို့ရှိ ရုရှားသံရုံးမှ ကိုယ်စားလှယ်များနှင့် သံရုံးအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ဒုတိယဝန်ကြီးချုပ်/ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်အတူ နိုင်ငံခြားစီးပွားဆက် သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားမှူးချုပ် ဒေါက်တာအောင်မိုးချယ် က အဖွဲ့ဝင်အဖြစ်လိုက်ပါ သွားကြောင်း သတင်းရရှိသည်။

