
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃ /၂၀၂၅) ကြိမ်မြောက် အစည်းအဝေး အား ၂၀၂၅ ခုနှစ် ဇူလိုင်လ ၈ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသော သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် တနင်္သာရီဝမင်း ကုမ္ပဏီလီမိတက်က ဝဥအလွှာ အခြောက်ခံလုပ်ငန်းကို အတည်ပြုမိန့်ဖြင့် ဆောင်ရွက်ခွင့်ပြုခြင်း၊ ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ်တို့တွင် Petro & Trans Co., Ltd. က လျှပ်စစ်ဓါတ်အားထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို မူလအတည်ပြုမိန့် သက်တမ်းပြင်ဆင်ခြင်းနှင့် ဟိုတယ် ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသော Myanmar Beach Hotel Co., Ltd. မှ မူလအတည်ပြု မိန့်ပါ တည်ဆောက်ရေးကာလ ဒုတိယအကြိမ် ထပ်မံတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါသည်။
