ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့မြေပြင်ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့သည့် မြေဂေါ်ခွက်များထုတ်လုပ်ရောင်း ချခြင်းလုပ်ငန်း၊ စွန့်ပစ်တာယာများ၊ စတီးဝါယာ၊ ရာဘာအစအနများ၊ ချည်မျှင်ကြိုးစများမှ ရာဘာကြမ်းခင်းနှင့် ပြုပြင်ထားသည့်တာယာများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ CMP  စနစ်ဖြင့် Jacket, Happi နှင့် Pants  စသည့်အဝတ်အထည်မျိုးစုံချုပ်လုပ်ခြင်းလုပ်ငန်းနှင့် အောင်သပြေရုပ်ရှင်ရုံ လုပ်ငန်း (2D/3D ပြသခြင်း) တို့သို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် သွားရောက်ခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။