မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီက ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၃ ခု၏ ရင်းနှီးမြှုပ်နှံသူအမည် ပြင်ဆင်ခွင့်၊ အစုရှယ်ယာ လွှဲပြောင်းခွင့်၊ ရင်းနှီးမြှုပ်နှံ သည့် အရပ်ဒေသ(များ)မှ မြေဧရိယာအား ပြန်လည်ပြင်ဆင်ခွင့်၊ ကုမ္ပဏီအမည် ပြင်ဆင်ခွင့်နှင့် လုပ်ငန်း တည်ဆောက်မှု/ ပြင်ဆင်မှုကာလ တိုးမြှင့်ခွင့်တို့ တင်ပြလာခြင်းအား အတည်ပြုပေးနိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။