အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြားဆေးဝါးလုပ်ငန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်မည့် PHARMA CONNNECT 2025 အခမ်းအနားကျင်းပ

Print Friendly, PDF & Email

(၂၀၂၅ ခုနှစ် ဇူလိုင် ၂၅)

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးနှင့် အိန္ဒိယ-မြန်မာကုန်သည်ကြီးများအသင်း (IMCC) တို့၏ စီစဉ်မှုဖြင့် PHARMA CONNNECT 2025 ကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ Pan Pacific Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Abhay Thakur နှင့် အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ Mr. Naresh Kumar Dinodiya တို့က အမှာစကားများအသီးသီး ပြောကြားကြသည်။

အဆိုပါအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုချုပ် ဦးသန့်စင်လွင် တက်ရောက်ခဲ့ ပြီး Knowledge Sharing Session ၌ Regulation for Setting up a Pharmaceutical Factory in Myanmar ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စကားဝိုင်းဆွေးနွေးပွဲ၌ Challenges and way forward in Myanmar’s Pharmaceutical Industry” ခေါင်းစဉ်ကို စကားဝိုင်းဆွေးနွေးသူ (Panelist) အဖြစ်လည်းကောင်း ပါဝင်ဆွေးနွေးခဲ့ပါသည်။

          ယခုအခမ်းအနားကို အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား ဆေးဝါးလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် အလား အလာရှိသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖော်ထုတ်ပေးရန်၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများအကြား ဆက်သွယ်ချိတ် ဆက်မှုများ ပိုမိုအားကောင်းလာနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၆၀ ကျော် တက်ရောက်ခဲ့ကြသည်။