
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီက ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုလုပ်ငန်းတစ်ခု၏ အတည်ပြုမိန့်တွင် ရင်းနှီးမြှုပ်နှံသူအမည်ပြောင်းလဲပြင်ဆင်ခွင့်အား အတည်ပြု ပေးနိုင်ပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
