တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး

Print Friendly, PDF & Email

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄ /၂၀၂၅) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၈ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသော သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Shwe Pale Thi Co., Ltd. က ငါးအမှုန့်ထုတ်လုပ် ဖြန့်ဖြူးခြင်းနှင့်ဆက်စပ်လုပ်ငန်းကို မူလအတည်ပြုမိန့်ပါ ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်ခွင့်ပြုခြင်းနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသော Deluxe (369) Co., Ltd. ၏ လုပ်ငန်းဆိုင်ရာတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။