ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၄/၂၀၂၅ ကြိမ်မြောက် အစည်းအဝေးပြုလုပ်ခြင်း

Print Friendly, PDF & Email

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၄/၂၀၂၅ ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပ ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးတွင် သစ်ပါးလွှာ၊ အထပ်သားမျိုးစုံ၊ လက်ယှက်သစ်စက်ပြင်၊ သစ်စ များနှင့် သစ်အခြေခံ မှန်ပုံပြား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ၁ ခုကို အတည်ပြုပေးနိုင်ခဲ့ပါ သည်။