
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၂၃) ကြိမ်မြောက် အာဆီယံ စီးပွားရေးအသိုက်အဝန်းကောင်စီ ဝန်ကြီးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့် အဆင့်မြင့်အရာရှိများအစည်းအဝေး ၊ အာဆီယံ ရင်းနှီးမြှုပ်နှံမှုဖိုရမ်နှင့် ၂၀၂၃ ခုနှစ် အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် တက်ရောက်လျက်ရှိပါသည်။
အဆိုပါ အစည်းအဝေးများအနက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၌ ကျင်းပသည့် (၂၃) ကြိမ်မြောက် အာဆီယံ စီးပွားရေးအသိုက်အဝန်းကောင်စီ ဝန်ကြီးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့် အဆင့်မြင့်အရာရှိများအစည်းအဝေးတွင် ဒေသတွင်းစီးပွားရေး ဆောင်ရွက်မှုများနှင့် အာဆီယံ၏ အနာဂတ် အကျိုးဖြစ်ထွန်းစေမည့် ဆောင်ရွက်ချက်များ ကို လည်းကောင်း၊ အာဆီယံ ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပါအဝင် ရေရှည်အကျိုးဖြစ် ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ချက်များနှင့် အနာဂါတ် ကျန်းမာရေး ဆိုင်ရာအကျပ် အတည်းများတွင် ကြိုတင် ပြင်ဆင်မှုထားရှိမှု များနှင့် စပ်လျဉ်းသည့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအခွင့်အလမ်းများကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ပါ သည်။
အဆိုပါ အစည်းအဝေးများသို့ အာဆီယံစီးပွားရေးအသိုက်အဝန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။ ညွန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် ကျန်ရှိသည့် အစည်းအဝေးများကို တက်ရောက်လျက်ရှိပါသည်။


