ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက်

Print Friendly, PDF & Email

အစည်းအဝေး ပြုလုပ်ခြင်း

ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင်များက ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ပြန်လည်ဖွဲ့စည်းနိုင်ရေးနှင့် ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက် နိုင်စေရေး ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။