ချင်းပြည်နယ်၏ ဒေသစီးပွားရေး ဖွံ့ဖြိုးမှုအတွက် နည်းလမ်းများ ဖော်ထုတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Print Friendly, PDF & Email

“ချင်းပြည်နယ်၏ ဒေသစီးပွားရေး ဖွံ့ဖြိုးမှုအတွက် နည်းလမ်းများ ဖော်ထုတ်ခြင်း” အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ် မေလ ၇ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နံနက် ၉ ၀၀ နာရီမှ ညနေ ၀၄ ၃၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် ချင်းပြည်နယ်၏ ဒေသစီးပွားရေး ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေသည့် အဓိကအကြောင်းအရာများကို ဖော်ထုတ်၍ နည်းလမ်းတကျ ဖြေရှင်းနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ အစိုးရဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင် များ စုစုပေါင်း ၇၀ ဦးကျော် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။