မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါ အစည်းအဝေးသို့ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ကော်မတီအဖွဲ့ဝင်များ၊  ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြပါသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီက ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှု လုပ်ငန်း(၁)ခုအား အတည်ပြုပေးခြင်းနှင့် လုပ်ငန်းတည်ဆောက်မှု/ ပြင်ဆင်မှုကာလ တိုးမြှင့် ခွင့်ပြုပါရန် တင်ပြလာသောလုပ်ငန်း(၁)ခုကို အတည်ပြုပေးခြင်းတို့ကို ဆွေးနွေးခဲ့ပါသည်။