ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ကရင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် အပါအဝင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးတွင် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုထားသည့် ကုမ္ပဏီ က တည်ဆောက်ရေးကာလအား ဒုတိယအကြိမ်ထပ်မံ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်း၊ ရင်းနှီး မြှုပ်နှံမှုပမာဏအား တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာမှုတို့အပေါ် စိစစ်ခြင်း၊ ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြပြီး ရင်းနှီးမြှုပ်နှံသူ၏ အမည်ပြင်ဆင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ရေး ဆုံးဖြတ်ခဲ့ကြပါသည်။