တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး

Print Friendly, PDF & Email

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅ /၂၀၂၅) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်း အဝေးသို့ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ကော်မတီအဖွဲ့ဝင်များ၊  အထူးဖိတ်ကြားထားသော သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ခေတ်မီရေငန်ပုစွန်လုပ်ငန်းကို အတည်ပြုမိန့်လျှောက်ထားလွှာတင်ပြခြင်း၊ အဝေးပြေးယာဉ်ရပ်နားခန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်း၏ တည် ဆောက်ရေးကာလ ဒုတိယအကြိမ်တိုးမြှင့် ခွင့်တင်ပြခြင်းနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခု၏ တည်ဆောက်ရေး ကာလပထမအကြိမ် တိုးမြှင့်ခွင့်တင်ပြခြင်းများအား ခွင့်ပြုပေးခဲ့ပြီး လုပ်ငန်းဆိုင်ရာ တင်ပြမှုအပေါ် ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။