
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။ အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကော်မတီအဖွဲ့ဝင်များ နှင့် ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ခဲ့ကြပါ သည်။
အစည်းအဝေးတွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက ပြောင်းအခြောက်ခံ သန့်စင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်း၏ တည်ဆောက်ရေး ကာလသက်တမ်းတိုးမြှင့်ခွင့်နှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ဆိုင်ရာအခွင့်အလမ်းများဆွေးနွေးပွဲ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြပါသည်။

