
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ရက် နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြား ထားသော သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ခေတ်မီရေငန် ပုစွန်မွေးမြူ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် ဝဥအလွှာအခြောက်ခံလုပ်ငန်းတို့ကို အတည်ပြုမိန့် လျှောက်ထားလွှာတင်ပြလာခြင်းအပေါ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ဆက်စပ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ခွင့်ပြုပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။
